ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

အပြောနဲ့အလုပ် ညီဖို့လို
၈ ဖေဖော်ဝါရီ ၂၀၁၀
line

 

ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊ သင်္ဃန်းကျွန်း စတဲ့မြို့နယ်တွေအတွင်းရှိတဲ့ သစ်ခွဲစက်ငယ်တွေကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ မြေနေရာသတ်မှတ်ပေးခြင်း မရှိဘဲ လက်ရှိမြေနေရာမှ လုပ်ငန်း လုပ်ကိုင်ခြင်းအား ရပ်ဆိုင်းရန်နှင့် မရပ်ဆိုင်းဘဲ ဆက်လက်လုပ်ကိုင်ပါက စည်ပင်ဥပဒေ ပုဒ်မ (၂၈၊ ၂၉၊ ၂၀၅) အရ ငွေဒဏ်၊ ထောင်ဒဏ် ချမှတ်အရေးယူမယ်ဆိုတဲ့အတွက် လုပ်ငန်းရှင်တွေမှာ လုပ်ငန်းများမလုပ်ကိုင်နိုင်ဘဲ ဒုက္ခရောက်နေကြပါတယ်။

လူနေရပ်ကွက်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းတွေဟာ ဆူညံသံတွေ ထွက်ရှိတဲ့အတွက် မြို့စွန်ထွက်လုပ်ကိုင်ဖို့ မြေနေရာသတ်မှတ်ပေးမယ်လို့ စည်ပင်သာယာရေးကော်မတီက အကြောင်းကြားခဲ့ပေမယ့် မယက က ပြောင်းရွှေ့လုပ်ကိုင်ဖို့ မြေနေရာကို သတ်မှတ်မပေးသေးပါဘူး။ ဒါပေမယ့် စည်ပင်သာယာရေးကော်မတီကတော့ လုပ်ငန်းလုပ်ကိုင်တာကို ချက်ချင်းရပ်ဆိုင်းဖို့ သတိပေးထားပါတယ်။

ဒါကြောင့် ပြောင်းရွှေ့လုပ်ကိုင်ဖို့ မြေနေရာက မရှိတဲ့အပြင် လုပ်ငန်းတွေရပ်ဆိုင်းခံထားရတဲ့ လုပ်ငန်းရှင်တွေမှာ မိသားစုနဲ့ အလုပ်သမားများရဲ့ ၀န်ပိနေပါတယ်။ တရားဝင် လိုင်စင်ခွန်၊ စည်ပင်ခွန်၊ အမြတ်ခွန်၊ ကုန်သွယ်ခွန်တွေ အပြည့်အဝပေးဆောင် လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေဟာ စီးပွားရေးပျက်ကပ်ကြားထဲ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် ဘဏ်ချေးငွေ၊ ပြင်ပမှချေးငွေတွေနဲ့ လောလောဆယ် ရုန်းကန်နေကြရပါတယ်။

အထက်ကလာတဲ့ ပေါ်လစီအမိန့်နဲ့ အရေးယူနေတဲ့ တာဝန်ရှိသူတွေကို ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းငယ်များသာ ဖြစ်ကြတဲ့ လုပ်ငန်းရှင်တွေက ပြောင်းရွှေ့လုပ်ကိုင်ဖို့ မြေနေရာမရခင် ယာယီဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ကို အသနားခံစာ တင်နေရပါတယ်။

ဒါပေမယ့် ချေးငွေအတိုးပေးရ၊ အလုပ်သမားစရိတ်၊ အထွေထွေစရိတ် စတာတွေနဲ့ ပတ်ချာလည်နေတဲ့ လုပ်ငန်းရှင်တွေဟာ အခုလို ဖိနှိပ်အနိုင်ကျင့်မှုတွေ ထပ်မံရင်ဆိုင်နေရတာကြောင့် အလွန်ထိခိုက်နစ်နာနေပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အစီအမံများကို တယောက်တမျိုး ပါးစပ်ဖြင့်မဟုတ်ဘဲ လက်တွေ့ကျကျ အမြန်ဆုံး ထိရောက်စွာ အကောင်အထည်ဖော်ပေးဖို့ အထူးလိုအပ်လှပါတယ်။

အသေးစား စက်မှုလုပ်ငန်းရှင်တဦး (ရန်ကုန်တိုင်း)


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo