ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မယ်လဒုက္ခသည်စခန်း ပြာပုံဖြစ်ရမည်ဟု ဒီကေဘီအေတပ်ဖွဲ့ ကြိမ်းဝါး

NEJ / ၃၀ ဇွန် ၂၀၀၉
line

 

ချုံခိုတိုက်ခိုက်ခံရသည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ၉၉၉ တပ်ဖွဲ့က လက်စားချေသည့် အနေဖြင့် မယ်လဒုက္ခသည်စခန်းကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက် ကြိမ်းဝါးနေသောကြောင့် စခန်းမှ ဒုက္ခသည်များ စိုးရိမ်ပူပန်နေကြ သည်။

ယခုလ (၂၆) ရက်တွင် ချုံခိုတိုက်ခိုက်ခံရသဖြင့် ဒီကေဘီအေ (၉၉၉) အခြေချဗျူဟာ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဗိုလ်စံပြုံး (ဗိုလ်ဆန်ပြုတ်) အပါအ၀င် တပ်ဖွဲ့ဝင် (၁၀) ဦး အထိနာကျဆုံးခဲ့သဖြင့် လက်စားချေရန် ဒီကေဘီအေအဖွဲ့က ပြောကြားခြင်း ဖြစ်သည်။

“ဒီကေဘီအေကလူတွေ အတော့်ကို စိတ်ဆိုးနေကြတယ်။ သူတို့တိုက်ခိုက်ခံရတဲ့နေရာက မယ်လခွင်ထဲမှာ ဆိုတော့ မယ်လဒုက္ခသည်စခန်းကို ပြာချပစ်မယ်လို့ ကြိမ်းဝါးနေတယ်။ လူဆိုတာကတော့ ဒီလိုပဲ ဒေါသဖြစ်နေတဲ့ အချိန်ဆိုတော့ အပြောအဆိုမှားတာတွေလည်း ဖြစ်နိုင်တယ်။ ဘယ်လိုဖြစ်ဖြစ် ဒီကိစ္စကို သတိတော့ထားရမယ်” ဟု ဒီကေဘီအေနှင့် စီးပွားရေးလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားတဦးက ပြောသည်။

မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များမှာ ၎င်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်နေကြပြီး အထုပ်အပိုးများ ထုပ်ကာ နေ့နေ့ ညည စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒုက္ခသည်တဦးဖြစ်သူ စောကညောက ပြောသည်။

၎င်းက “ဒီကိစ္စပေါ့လို့မရဘူး။ ဒီလူတွေက နားပေါက်တဖက်တည်းပါတယ်။ အရင်ကလည်း မယ်လဒုက္ခသည် စခန်းမှာ ဒီကေဘီအေတွေဝင်ပြီးတော့ မီးရှို့တာတွေ၊ လုယက်တာတွေ၊ လူတွေကို ဖမ်းခေါ်သွားပြီး သတ်လိုက်တာတွေ ဖြစ်ဖူးတော့ အားလုံးက ဒီကိစ္စကို စိုးရိမ်နေကြတယ်” ဟု ပြောသည်။

မဲဆောက်မြို့၏ မြောက်ဘက် ကီလိုမီတာ (၆၀) ခန့်အကွာတွင် ကရင်ဒုက္ခသည် (၅) သောင်းခန့် နေထိုင်သည့် မယ်လဒုက္ခသည် စခန်း တည်ရှိပြီး စခန်း၏မြန်မာဘက် နယ်စပ်မျဉ်းမှာ သောင်ရင်းမြစ်ဖြစ်သည်။

ယခုလ (၂၆) ရက်တွင် ကေအန်ယူ တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်အပြီး (၉၉၉) တပ်ဖွဲ့က ၎င်းတို့အခြေချဗျူဟာ တည်ရှိရာ မြ၀တီခရိုင် ရွှေကုက္ကိုရွာသို့ သောင်ရင်းမြစ်ကြောင်းအတိုင်း ဆန်တက်ရာတွင် မယ်လရွာအနီးရှိ မောင်ကလာဝဲဟု ခေါ်သည့်နေရာ တွင် အမည်မသိအဖွဲ့တဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကို ခံကြရခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုတွင် အသက်မသေဘဲ ဒဏ်ရာဖြင့် မဲဆောက်ဆေးရုံသို့ရောက်ရှိလာသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးက အဆိုပါ တိုက်ခိုက်မှုသည် ကေအန်ယူအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုသော်လည်း ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက အခင်းဖြစ်ပွားရာဒေသတွင် မိမိတို့တပ်ဖွဲ့ဝင်များမရှိကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှုမရှိဟု ပြောကြားသည်။

ကရင်ဒုက္ခသည်များကော်မတီ (ကေအာစီ) ဥက္ကဋ္ဌ စောရောဘတ်ထွေးက “ဒီလူတွေက အကုန်လုပ်ရဲကိုင်ရဲတဲ့ သဘောရှိတော့ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး။ စခန်းကို တကယ်ဝင်တိုက်မယ်ဆိုလို့ရှိရင် ကိုယ့်ကရင်တွေပဲ သေကျေပျက်စီးမှာဖြစ်တယ်။ ဒီလိုကရင်တွေ သေကျေပျက်စီးမယ့် အလုပ်တွေကို မလုပ်စေချင်ဘူး။ မယ်လ စခန်းထဲမှာ ဒီကေဘီအေအဖွဲ့ဝင်တွေရဲ့ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းတွေ အများကြီးရှိတယ်။ ဒါကြောင့် စဉ်းစားတွေးခေါ်ကြဖို့ ပြောချင်တယ်” ဟု ပြောသည်။

မဲဆောက်မြို့မြောက်ဘက်ကီလိုမီတာ (၆၀) အကွာရှိ မယ်လစခန်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ထမ်းဟင်၊ ဘန့်တုံယမ်း၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်လအူး၊ မယ်ရာမို စသည့် ကရင်ဒုက္ခသည်စခန်း (၇) ခုအနက် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook