ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ဗန်းမော်ခရိုင် ခယကအဖွဲ့ နယ်စပ်ကုန်သွယ်ရေးတွင် ဝင်စွက်
လာဘ်ငွေယူပြီး ပြန်လွှတ်

NEJ / ၂၃ ဇူလိုင် ၂၀၀၉
line

 

တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်သည့် လွယ်ဂျယ်-ဗန်းမော်လမ်းကြောင်းတွင် ဗန်းမော် ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (ခယက) အဖွဲ့က ကုန်ကားများ ရှောင်တခင်စစ်ဆေးမှုများလုပ်နေပြီး တရားမဝင်ကုန်ပစ္စည်းများ ဖမ်းမိလျှင်လည်း ငွေတောင်းပြန်လွှတ်နေသည်။

တရုတ်- မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးစခန်းမှ ဖြတ်ကျော်လာသည့် ကုန်ကားများကို ဗန်းမော် ခယကအဖွဲ့က ယခင်က တားဆီးစစ်ဆေးမှုမျိုးမရှိသော်လည်း ယခုအခါ ဗန်းမော်မြို့အတွင်း ရှောင်တခင်စစ်ဆေး နေသကဲ့သို့ ဗန်းမော်နှင့် လွယ်ဂျယ်အကြားရှိ ကိုက်ထိပ်ကျေးရွာအထိ သွားရောက်ကာ စစ်ဆေးနေသည်ဟု ဗန်းမော်မြို့မှ ကုန်သည်တဦးက ပြောသည်။

၎င်းက “ဒီလိုလုပ်တာ အခုလ (၁၄) ရက်နေ့က စတာပဲ။ ဗန်းမော်၊ မင်းကုန်းရပ်ထဲက ဂိုဒေါင်တခုကို ခယကဥက္ကဋ္ဌအဖွဲ့ ဝင်စစ်လို့ ဂျူတီမဆောင်ထားတဲ့ ပိတ်စအုပ်တွေ ဖမ်းမိတယ်။ အဲဒီမှာ ကာစတန်တွေကော ရောက်လာတာပေါ့။ နောက်တော့ ကာစတန်က ကြားကညှိပေးနဲ့ နောက်ဆုံး သိန်း (၅ဝ) ဂါဝရပြုလိုက်ရတယ်။ ဒီမှာ လာဘ်ပေးတာကို ဂါတယ်လို့ ခေါ်တယ်။ ပုံး (၅ဝ) ဂါလိုက်လို့ ခယက ပါးစပ်ပိတ်သွားတဲ့သတင်း ဗန်းမော်တမြို့လုံး ဟိုးလေးတကျော် ဖြစ်နေပြီ။ အဲဒီကစလို ဝါးလို့ရမှန်းသိတော့ ခယကအဖွဲ့က အခုလိုလုပ်နေတာ” ဟု ပြောသည်။

ဗန်းမော် ခယက အာဏာပိုင်များက ကုန်ကားများကို စစ်ဆေးနေခြင်းသည်  နယ်စပ်ကုန်သွယ်ရေးစခန်း၏ ဆောင်ရွက်နေမှုများ ကို မယုံကြည်၍ ဝင်ရောက်စွက်ဖက်လုပ်ကိုင်လာခြင်းဖြစ်သကဲ့သို့ တရားမဝင်ပစ္စည်း ရှာတွေ့လျှင် လာဘ်ငွေယူနေသဖြင့် ဗန်းမော်မြို့ခံများအကြား  ဝေဖန်ပြောဆိုနေကြသည်။

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မူဆယ်ကုန်သွယ်ရေးဇုန်ပြီးလျှင် ဒုတိယ ကုန်သွယ်မှု အများဆုံးလုပ်နေသည့် နေရာလည်းဖြစ်ပြီး လာဘ်ပေး လာဘ်ယူမှုနှင့် ပတ်သက်၍ ဝန်ထမ်း အဖမ်းအဆီးခံရမှု မရှိသလောက်ဖြစ်ကာ ကုန်သည်နှင့် နကသဝန်ထမ်းများအကြား တစုံတရာ ပြဿနာမရှိကြောင်း အဆိုပါကုန်သည်က ပြောသည်။

၎င်းက “မူဆယ်လိုင်းလို သိပ်မကျပ်ဘူး။ ကုန်ကုန်ပြောမယ်ဗျာ တချို့ကုန်သည်တွေဆို လိုင်စင်တွေ ထပ်ထပ်ခါခါသုံးနေတာ။ ဟိုကလည်း နားလည်မှုနဲ့ လွှတ်ထားတာ။ ကားတစီးမှာ ကုန်တဝက်လောက်က နှစ်ဘက်ညှိပြီး ဖရီးရိုက်လာတာ။ ဆိုလိုတာက ဂျူတီ သိန်း (၅ဝ) လောက် ကုန်မယ်ဆိုပါစို့။ သိန်းနှစ်ဆယ်ပဲ ဂျူတီဆောင် တဆယ်ကို သူတို့အိတ်ထဲ ထည့်ပေးတော့ သိန်းနှစ်ဆယ်လောက် သက်သာသွားတာပေါ့” ဟု ပြောသည်။

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကုန်သည်များအကြား လာဘ်ပေးလာဘ်ယူမှု ရှိနေသည့်အပေါ် ယခုကဲ့သို့ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေသော်လည်း ဗန်းမော် ခယကအဖွဲ့က ကုန်သည်များနှင့် ကုန်ပစ္စည်း ဖမ်းဆီးခြင်းများ မရှိသေးကြောင်း အဆိုပါကုန်သည်က ပြောပြသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook