ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မွမ်းမံသင်တန်း (၁) လ တက်ရုံဖြင့် ဆရာဝန်မှတ်ပုံတင်ရမည်
မင်းနိုင်သူ / ၂၃ ဇူလိုင် ၂၀၀၉
line

 

ဆေးတက္ကသိုလ်ဘွဲ့ရများအနေဖြင့် အလုပ်သင်ဆရာဝန်အဖြစ် (၁) နှစ်လုပ်ကိုင်ပြီးပါက (၁) လတာ မွမ်းမံသင်တန်း တက်ရောက်ရုံမျှဖြင့် ဆရာဝန်မှတ်ပုံတင် (ဆမ) လက်မှတ်ရရှိတော့မည်ဖြစ်သည်။

အဆိုပါမွမ်းမံသင်တန်းကို သြဂုတ် (၈) ရက်တွင် စတင်မည်ဖြစ်ကာ တက်ရောက်လိုသူများအတွက် လျှောက်လွှာများ ဆေးတက္ကသိုလ် (၁) ၌ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ဆေးတက္ကသိုလ် (၂) မှ လက်ထောက် ကထိကတဦးက ပြောသည်။

ပုံမှန်အားဖြင့် ဆေးတက္ကသိုလ်ဘွဲ့ရပြီးသူများသည် အလုပ်သင်ဆရာဝန်အဖြစ် (၁) နှစ်လုပ်ကိုင်ကာ ဆရာဝန် မှတ်ပုံတင် (ဆမ) လက်မှတ်ရရှိရန် အစိုးရ၀န်ထမ်းအဖြစ် (၃) နှစ် တာဝန်ထမ်းဆောင်ကြရသည်။

ယခုကဲ့သို့ ပြောင်းလဲလိုက်ခြင်းအပေါ် ဆေးတက္ကသိုလ်ကျောင်းဆင်း အဆိုတော် ဆောင်းဦးလှိုင်က “ဒီသတင်းက ဆရာဝန်လောကမှာ တော်တော်အပြောများနေပါတယ်။ ဆမလက်မှတ်ဆိုတာ တကယ်တော့ ဆေးကျောင်းပြီးပေမယ့် ဒီတိုင်းပြည်ထဲမှာ ဆေးကုခွင့်ကို အစိုးရက ချထားပေးမှရတဲ့ လက်မှတ်ပေါ့ဗျာ။ အဲဒါကို အရင်ဆေးကျောင်းပြီးတဲ့ လူတွေ အနေနဲ့ကတော့ အလုပ်သင်ဆရာဝန်အဖြစ် (၁) နှစ်လုပ်ပြီးတဲ့အပြင် ဒီလက်မှတ်ရဖို့ အစိုးရ၀န်ထမ်း (၃) နှစ်လုပ်ကြရတာ။ အခုတော့ တလမွမ်းမံသင်တန်းတက်တာနဲ့ ရမယ်ဆိုတော့ ကောင်းတာပေါ့။ ဒါပေမယ့် ဒီစနစ်က ဘယ်အချိန်အထိ တည်မြဲမလဲ ဆိုတာတော့ မသိဘူး” ဟု ဆိုသည်။

အစိုးရ၀န်ထမ်းအဖြစ် မလုပ်ကိုင်လိုသော ဆရာဝန်အချို့သည် ဆေးပညာရပ်များ သင်ယူထားသော်လည်း ပြည်တွင်း၌ တရားဝင်ဆေးကုသခွင့် မရရှိပေ။

ထို့ကြောင့် ဆေးဘွဲ့ရအချို့သည် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ခြင်း၊ ပြည်တွင်းအခြားလုပ်ငန်းရပ်များ၌ ၀င်ရောက် လုပ်ကိုင်ခြင်းများဖြင့် ရပ်တည်ကြသည်။

ယခုကဲ့သို့ အစိုးရ၀န်ထမ်းအဖြစ် (၃) နှစ်လုပ်ကိုင်ရန် မလိုဘဲ (၁) လ သင်တန်းတက်ရုံဖြင့် ဆမ လက်မှတ်ရရှိမည်ဆိုပါက သင်တန်းတက်မည့်ဦးရေ များနိုင်သည်ဟု အလုပ်သင်ဆရာဝန်တဦးက ပြောသည်။

သို့သော် သင်တန်းတက်ရောက်နိုင်သည့် ဦးရေကို ကာလအပိုင်းအခြားဖြင့် အစိုးရက ကန့်သတ်ထားသည်။

“၁၉၉၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း ဘွဲ့ရထားတဲ့ ကျောင်းသားတွေအတွက်ကိုပဲ ဒီသင်တန်းမှာ လက်ခံမယ်။ အဲဒါပြီးရင် ဆမ ရမယ်။ သင်တန်းကို ရန်ကုန်မှာပဲ တက်ရမှာပါ။ ကျန်တာတွေ သိချင်ရင်တော့ ကျောင်းသားကိုယ်တိုင် ဒီကိုလာစုံစမ်းပါ” ဟု ဆေးတက္ကသိုလ် (၁) မှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါတာဝန်ရှိသူက လျှောက်လွှာကြေး၊ လူဦးရေအကန့်အသတ်၊ သင်တန်းတွင် ပို့ချမည့် ဘာသာရပ် စသည်တို့ကို ထုတ်ဖော်ပြောဆိုပိုင်ခွင့်မရှိဟု ဆိုသည်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ၂၀၀၅ ခုနှစ်တွင် (M.B.BS) ဘွဲ့ရခဲ့သူတဦးက “သင်တန်းမှာ ဆေးပညာနဲ့ မဆိုင်တဲ့ နိုင်ငံရေးပေါ်လစီတွေကို စစ်ဘက်အရာရှိတွေက လာရောက်ပို့ချမယ်လို့ကြားတယ်။ ဖောင်ကြီးသင်တန်းလိုမျိုးပေါ့။ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးတဲ့သဘောဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

ယင်းစနစ်သည် ၂၀၁၀ ရွေးကောက်ပွဲအမီ ပညာတတ်ဝန်ထမ်းများအား စည်းရုံးနေခြင်းသာဖြစ်ပြီး ၂၀၁၀ ကျော်လွန်သွားပါက ယခင်အတိုင်း အစိုးရ၀န်ထမ်း (၃) နှစ်လုပ်ပြီးမှသာ ဆမလက်မှတ် ပြန်ထုတ်ပေးသည့်စနစ်ကို ပြန်လုပ်နိုင်ကြောင်း ရန်ကုန်ရှိ အလုပ်သင်ဆရာဝန်အချို့က ပြောဆိုနေကြသည်။

“ငွေတွေအများကြီးကုန်၊ နှစ်တွေအများကြီးသင်ပြီး ဆေးကုခွင့်လက်မှတ်လေးရဖို့ အစိုးရ၀န်ထမ်း (၃) နှစ်လုပ်ရတာဆိုတော့ အတော်များများက ဆရာဝန်အလုပ်ကို စွန့်လွှတ်သွားကြတယ်။ အစိုးရ၀န်ထမ်းအဖြစ် လုပ်ရင်လည်း လစာနဲ့မလောက်။ ဆေးတက္ကသိုလ်တချို့က ဆရာတချို့တောင် ပြည်ပထွက်သွားကြတာတွေ ရှိတယ်လေ။ အဲဒါတွေကြောင့်လည်း ပါမယ်” ဟု မြောက်ဥက္ကလာပဆေးရုံကြီးမှ အလုပ်သင်ဆရာဝန်တဦးက ပြောသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook