ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အလုပ်ရှင်မရှိသဖြင့် အလုပ်သမားမှတ်ပုံတင်သူ နည်းပါး
 

NEJ / ၂ ဇူလိုင် ၂၀၀၉
line

 

မဲဆောက်ဒေသအတွင်း သိန်းချီရှိနေသည့် မြန်မာလုပ်သမားများသည် အလုပ်သမားမှတ်ပုံတင်ရန်အတွက် တာဝန်ယူ ပြုလုပ်ပေးမည့် အလုပ်ရှင်မရှိသောကြောင့် လက်ရှိလာရောက် မှတ်ပုံတင်သူအရေအတွက် အလွန်နည်းပါးလျက်ရှိသည်။

မဲဆောက်တွင် ယမန်နေ့မှစတင်၍ နိုင်ငံခြားသားအလုပ်သမားများအား အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပြုလုပ်ပေးရာတွင် လာရောက်မှတ်ပုံတင်သူ ဆယ်ဂဏန်းခန့်သာ ရှိသည်။

ယင်းသို့နည်းပါးရခြင်းမှာ အလုပ်ရုံစက်ရုံအများစုတွင် စီးပွားရေးအခြေအနေမကောင်းမှုနှင့် ဆက်နွှယ်ပတ်သက်နေကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ဥက္ကဋ္ဌ ကိုမိုးကြိုးက “စီးပွားရေးကပ်စိုက်တဲ့အထဲမှာ ထိုင်းအလုပ်ရုံစက်ရုံတွေလည်းပါတော့ စက်ရုံတွေမှာ အလုပ်ကမရှိ၊ အော်ဒါကလည်း မလာဆိုတော့ အတော့်ကို ခက်ခက်ခဲခဲလည်ပတ်နေရတယ်။ အလုပ်သမားအသစ်ခေါ်ဖို့ မှတ်ပုံတင်ဖို့ဆိုတာက လူတဦး ဘတ် (၃,၈၀၀) ဆိုတော့ ဘယ်တတ်နိုင်ကြမှာလဲ” ဟု ပြောသည်။

မယ်ပအထည်ချုပ်စက်ရုံကြီးတခုမှ ထိုင်းမန်နေဂျာကလည်း “ဒီဒေသမှာရှိတဲ့ စက်ရုံတွေ အတော်များများက အလုပ်ပါးတဲ့အတွက် အလုပ်သမားတွေ လျှော့ချနေရတဲ့ အနေအထားဆိုတော့ လူသစ်တွေကို မှတ်ပုံတင်ပေးဖို့ဆိုတာ စက်ရုံတိုင်းမှာ အခက်အခဲရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသား တသိန်းခွဲခန့်ရှိသည့် မဲဆောက်ဒေသတွင် စက်ရုံအလုပ်ရုံ (၂၀၀) ခန့်ရှိပြီး မဲဆောက်မြူနီစပယ်ရုံး၌ လူသစ်များ လက်မှတ်ပြုလုပ်ရာတွင် ယမန်နေ့က လူ (၃၀) ခန့်နှင့် ယနေ့တွင် လူ (၆၀) ခန့်သာရှိသည်ဟု သိရသည်။

အလုပ်သမားမှတ်ပုံတင်ရန်လာသည့် မဲဆောက်ညဈေးမှ မအေးသန်းက “ကျမအလုပ်ရှင်က လက်မှတ်မလုပ်ပေးတော့ ကိုယ့်ကို အလုပ်ရှင်အဖြစ် အာမခံပေးမယ့် ထိုင်းတယောက်နဲ့ သွားလုပ်ရတယ်။ သူ့ကို အာမခံခ ဘတ် (၁,၀၀၀) ပေးရတယ်။ ကိုယ်က လက်မှတ်လိုချင်တော့ ဒီလိုပဲကြံဖန်ရတယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင် ပြုလုပ်လိုကြခြင်းမှာ မှတ်ပုံတင်ထားသူသည် ကျန်းမာရေးဆိုင်ရာအတွက် ထိုင်းဘတ်ငွေ (၃၀) ဖြင့် မဲဆောက်ဆေးရုံကြီးတွင် ဆေးဝါးကုသခွင့် ရရှိမည်ဖြစ်ပြီး သွားရေးလာရေးနှင့် အလုပ်သမားဆိုင်ရာ အခွင့်အရေးများတွင် တရားဝင်မှုရှိသဖြင့် လက်မှတ်မရှိသူများနှင့်ယှဉ်လျှင် တရားဝင်ခံစားခွင့်များ ရရှိသောကြောင့် အလုပ်သမားအများစုက မှတ်ပုံတင်လိုကြခြင်းဖြစ်သည်။

သို့သော် ထိုင်းအလုပ်ရှင်များမှာ စီးပွားရေးကျဆင်းမှုကြောင့် လက်ရှိလုပ်ငန်းခွင်ဝင်နေသည့် တရားဝင်အလုပ်လုပ်ပိုင်ခွင့် မှတ်ပုံတင်မရှိသေးသော အလုပ်သမားများကိုပင် လက်မှတ်ပြုလုပ်ရန် အခက်အခဲရှိပြီး မှတ်ပုံတင်ရှိသူနှင့် မရှိသူများကို ရောနှော၍ လုပ်ငန်းလည်ပတ်နေရသည်ဟု မဲဆောက် သိုးမွှေးအထည်ချုပ်စက်ရုံမှ မြန်မာအလုပ်ကြပ်တဦးဖြစ်သူ ကိုသန်းနိုင်က ပြောသည်။

မဲဆောက်တွင် နိုင်ငံခြားသားအလုပ်သမားများကို အလုပ်လုပ်ခွင့် မှတ်ပုံတင် ပြုလုပ်ပေးသည့် ကာလကို ပထမအဆင့်အနေဖြင့် ယခုလ (၁) ရက်မှ (၃၀) ရက်နေ့အထိ အလုပ်ရှင်၏ အာမခံချက်ဖြင့် လူသစ်များကို နေထိုင်ခွင့်လက်မှတ် ထောရော (၃၈/၁) ကို ပြုလုပ်ပေးပြီး သွေးစစ်ရမည်ဖြစ်သည်။

ဒုတိယအဆင့်အနေဖြင့် အလုပ်သမားမှတ်ပုံတင်လက်မှတ်ပြုလုပ်မည့်ရက်ကို လာမည့် သြဂုတ်လ (၁) ရက်မှ (၂၈) ရက်အထိ သတ်မှတ်ထားပြီး အလုပ်ရှင်က အလုပ်သမားတဦးအတွက် (၁) နှစ်စာ ဘတ်ငွေ (၃,၈၀၀) ပေးချေရမည်ဖြစ်သည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထိုင်းနိုင်ငံအတွင်း တရားမ၀င်ရောက်ရှိနေကြသည့် နိုင်ငံခြားသားအလုပ်သမား (၂) သန်းခန့်ကို ယခုလ (၁) ရက်နေ့မှစတင်ကာ သက်ဆိုင်ရာဒေသများတွင် အလုပ်သမား မှတ်ပုံတင်ရန် ခွင့်ပြုခဲ့သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook