ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

နိုင်ငံခြားသွားရောက် အလုပ်လုပ်ကိုင်သူများ
သတ်မှတ်ဆေးခန်းများတွင်သာ ဆေးစစ်ရန်ညွှန်ကြား

ဝီရ / ၁ ဇူလိုင် ၂၀၀၉
line

 

ရန်ကုန်မြို့ရှိ အလုပ်သမားပို့ဆောင်သည့် အေဂျင်စီများအနေဖြင့် နိုင်ငံခြားသွားရောက် အလုပ်လုပ်ကိုင်မည့်သူများအား ဆေးစစ်မှုပြုလုပ်စေရာတွင် သတ်မှတ်ထားသည့် ဆေးခန်း၊ ဓာတ်ခွဲခန်းတွင်သာ ဆေးစစ်စေရန်နှင့် ယင်းဆေးစစ်ချက်များ ဖြင့်သာ လျှောက်လွှာလက်ခံတော့မည်ဖြစ်ကြောင်း ပြည်တွင်းရှိ နိုင်ငံခြားသံရုံးအချို့က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံမှ ဆေးစစ်ချက် အောင်မြင်လာသူများသည် နိုင်ငံခြားတိုင်းပြည်များသို့ ရောက်ရှိပြီး ထပ်မံဆေးစစ်ခံရာတွင် ကူးစက်ရောဂါကဲ့သို့ အလုပ်လုပ်ရန် တားမြစ်ထားသည့်ရောဂါများ တွေ့ရှိမှု များပြားလာခြင်းကြောင့် ယင်းကဲ့သို့ သတ်မှတ်ဆေးခန်းများတွင်သာ ဆေးစစ်မှုခံယူရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မည်သည့်အကြောင်းကြောင့်ဟု နိုင်ငံခြားသံရုံးများက အကျယ်တ၀င့်ရှင်းပြခြင်းမရှိသော်လည်း အလုပ်သမားများ၏ ဆေးအောင်ချက် တိကျမှန်ကန်စေရန်ဟု ရေးသားထားကြောင်း ရန်ကုန်မြို့ရှိ အလုပ်သမားရှာဖွေရေး အေဂျင်စီတခုမှ ဒါရိုက်တာတဦးက ပြောသည်။

၎င်းက “ဒီက ဆေးစစ်ချက် အောင်တဲ့သူတွေကို သူတို့နိုင်ငံဆီ ရောက်ရင်လည်း လစဉ်စစ်ကြတာ ရှိတယ်။ တချို့ဆို ဒီပြည်တွင်းက ဆေးစစ်ချက်က သူတို့လေဆိပ်ရောက်တာနဲ့ မမှန်ကန်ဘူးဆိုတာ သိတယ်။ အဲဒီအခါကျရင် ပြန်ပို့ခံရတယ်။ အေဂျင်စီတွေနဲ့ အလုပ်သမားတွေပဲ နစ်နာတယ်။ ဒီပြည်တွင်းက ဓာတ်ခွဲခန်းတွေ၊ ဆေးခန်းတွေက စစ်တာ ချွတ်ယွင်းချက်တွေ ရှိနေတော့ အဆင့်မြင့်တဲ့ သူတို့ယုံကြည်တဲ့ ဆေးခန်းတွေက ဆေးစစ်ချက်တွေကိုပဲ သူတို့ယူတာ ဖြစ်တယ်” ဟု ပြောသည်။

ယခုအပတ်အတွင်း ဆေးစစ်ချက် ကန့်သတ်လိုက်သည့်သံရုံးများမှာ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ကိုရီးယားနှင့် စင်ကာပူနိုင်ငံ တို့ဖြစ်ပြီး သက်ဆိုင်ရာသံရုံးများမှ သတ်မှတ်ထားသည့် ဓာတ်ခွဲခန်းများ၌ ဆေးစစ်ခမှာ (၅) သောင်းမှ (၆) သောင်းဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး သာမန်ဆေးစစ်ဌာနများတွင် (၁) သောင်းခွဲဝန်းကျင်သာ ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုအခါ မလေးရှားနှင့် မြန်မာနိုင်ငံမှ အလုပ်သမားလက်ခံသည့် အခြားနိုင်ငံများကလည်း မြန်မာနိုင်ငံမှ ထွက်ခွာပြီးနောက် ရောက်ရှိရာတိုင်းပြည်များတွင် ဆေးစစ်ချက် ကျသွားမည်ဆိုပါက အလုပ်သမားရှာဖွေရေး အေဂျင်စီများက လျော်ကြေး ထုတ်ပေးရမည်ဖြစ်ပြီး နိုင်ငံခြားတိုင်းပြည်မှ လုပ်ငန်းကုမ္ပဏီနှင့် မသက်ဆိုင်ကြောင်း နိုင်ငံခြားသံရုံး အသီးသီးကလည်း အသိပေးထားကြောင်း သိရသည်။

၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့ နယ်နိမိတ်အတွင်း လုပ်ငန်းလိုင်စင်ရ ဓာတ်ခွဲခန်း၊ ဆေးခန်းပေါင်း (၁,၀၀၀) ကျော်ရှိသော်လည်း မြန်မာပြည်တွင်း၌ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု အားနည်းချက်များ ရှိနေသေးကြောင်း ရန်ကုန်မြို့တွင် ဆေးခန်းနှင့် အဆင့်မြင့်ဓာတ်ခွဲခန်း ဖွင့်ထားသူ ဆရာဝန်တဦးက ပြောသည်။

၎င်းက “အခု ဓာတ်ခွဲခန်းတွေမှာ HIV ပိုး စစ်ဖို့သက်သက်က သောင်းဂဏန်း ကုန်ကျတယ်။ သာမန်ပြည်သူတွေအတွက်က မလွယ်ဘူး။ အခု နိုင်ငံခြားထွက်တဲ့ သူတွေအတွက်က ကူးစက်ရောဂါနဲ့ဆိုင်တဲ့ ရောဂါအမျိုးပေါင်း (၁၀) မျိုးလောက် စစ်ရတယ်။ သွေးရော၊ ဆီးရော စစ်ရတယ်။ (၂ ) သောင်းကျော်တော့ ကုန်ကျမယ်။ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ ဒီကျန်းမာရေး ဝန်ဆောင်မှုပိုင်းမှာ ချွတ်ယွင်းချက်တွေ ရှိသေးတယ် ပြောလို့ရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူ အယောက် (၄၀) ကျော်အား ဆေးစစ်ခဲ့ရာတွင် (၅) ဦး ဆေးကျပြီး အယောက် (၂၀) ခန့်မှာ ဆေးပြန်စစ်ခဲ့ရကြောင်း အဆိုပါဆရာဝန်က ပြောသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook