ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော်
တက်လူ/ ၈ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရုပ်ရှင်လောကသားများအပါအ၀င် ပြည်သူလူထုသည် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ယနေ့ မျက်မှောက်ကာလကဲ့သို့ အရှိန်အဟုန်မပျက် ဆက်လက်ပဲ့ကိုင် ဦးဆောင်စီမံခန့်ခွဲသွားနိုင်မည့် အစိုးရတရပ်ကို ရွေးချယ်ရတော့မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောသည်။

ဖေဖော်ဝါရီ (၆) ရက် နေပြည်တော်တွင် ကျင်းပပြုလုပ်သော ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကျင်းပသော ၂၀၀၇ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင်လည်း ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ရုပ်ရှင်လောကသားများအနေဖြင့် ကျရာအခန်းကဏ္ဍမှ အုတ်တချပ်၊ သဲတပွင့်အဖြစ် တာဝန်ကျေပွန်စွာ ကြိုးပမ်းစွမ်းဆောင်သွားရမည်ဟု ထည့်သွင်းပြောကြားခဲ့သေးသည်။

အမည်မဖော်လိုသော အကယ်ဒမီဆုများရှင် ဒါရိုက်တာတဦးက “ဟုတ်လား။ ထည့်သွင်းပြောသွားလား မသိပါဘူး။ ၀န်ကြီး မိန့်ခွန်းကို ဘယ်သူမှ နားမထောင်ဘူး။ သူမပြောခင်ကပဲ အသင့်ပေးဝေထားတဲ့စာအုပ်မှာ အားလုံးပါပြီးသား။ ပြီးတော့ စကားပြောရင်လည်း စာဖတ်သလို ဖတ်တယ်၊ ဆွဲဆောင်မှုကိုမရှိတာ။ ပါတဲ့စကားလုံးတွေကလည်း ကြည့်ဦးလေ၊ အချိန်တိုင်း တိုးတက်နေတာပဲ၊ ရုပ်ရှင်လောက အရမ်းတိုးတက်နေပြီလေ သူပြောတဲ့အတိုင်းဆိုရင်။ ရုပ်ရှင်လောသားတွေကလည်း လူတွေပဲ။ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် လုပ်သွားမှာပဲ။ ဆိုလိုတာက ကိုယ်ပေးချင်တဲ့သူကိုပဲ မဲပေးသွားမယ်။ ခက်တာက ခုထိ ဘယ်သူ့ကို ပေးရမလဲ၊ ဘယ်သူတွေက ပါတီတွေထောင်ကြမလဲဆိုတာ မသိရသေးဘူး၊ သူတို့ပဲ မြင်နေရတယ်” ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာထမ်းတဦး၏ ပြောပြချက်အရ ရွေးကောက်ပွဲအတွက် အနုပညာရှင်အားလုံးကို မဲဆွယ်စည်းရုံးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နာမည်ကြီး ဟာသသရုပ်ဆောင်တဦးကမူ “ဒါတွေကို မပြောချင်ဘူးနော်၊ အရင်လည်း အထဲကိုဝင်ပြီးပြီ၊ ကြောက်လို့တော့ မဟုတ်ပါဘူး။ ပြည်သူတယောက်အနေနဲ့ သေသေချာချာရွေးချယ်ခွင့်ရမှာလား အဲဒီရွေးကောက်ပွဲဆိုတာကို။ ဒါကို သိချင်တယ်။ ဘယ်သူတွေက ပြည်သူတွေအတွက် အလေးအနက် ထားနေတာလဲ။ အသားလိုလို့ အရိုးတောင်းနေတာမျိုးဆိုရင်တော့ ကျနော် လုံးဝလက်မခံဘူး။ ခုလည်းကြည့်လေ၊ ရန်ကုန်မှာ ဘာပဲလုပ်လုပ် ကြံ့ဖွံ့ပဲ နာမည်ယူနေတာပဲ မဟုတ်လား” ဟု ပြောသည်။

ဆင်ဆာဖြတ်တောက်ခြင်းများကို လျှော့ချကာ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းကတဆင့် ရုပ်ရှင်လောကသားများ အပေါ် မဲဆွယ်နိုင်ကြောင်း ရုပ်ရှင်ထုတ်လုပ်သူတဦးက သုံးသပ်သည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook