ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး
ခိုင်လင်း/ ၈ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

ယခုရက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းအတွင်း လိုင်စင်မဲ့ကားများ စတင်ဖမ်းဆီးနေပြီး (၂) ရက်အတွင်း အစီး (၂ဝ) ကျော် ဖမ်းဆီးထားပြီဖြစ်သည်။

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)၊ ပို့ဆောင် ဆက်သွယ်ရေး (ပို့ဆက်) နှင့် မော်တော်ယာဉ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လားရှိုးမြို့တွင်းနှင့် မြို့အဝင်အထွက်တို့၌ (၅) နေရာခွဲ၍
ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် လိုင်စင်မဲ့ကား (၁၉) စီး ဖမ်းဆီးမိထားသည်ဟု ကညနဝန်ထမ်းများနှင့် နီးစပ်သည့် လားရှိုးဒေသခံတဦးက ပြောသည်။

၎င်းက “မြို့တော်ခန်းမနား၊ တိုင်းရုံးလမ်းဆုံ၊ ရပ်ကွက်အမှတ် (၁၂) က လားရှိုးကြီး မီးပွိုင့်တို့ (၅) နေရာခွဲပြီး စစ်တာ။ အဲဒီမှာ လိုင်စင်မဲ့ကား (၁၉) စီး ဖမ်းမိခဲ့တာ။ သူတို့က စီမံချက်ရှိတယ်။ ဟိုရက်ပိုင်းက ကာကွယ်ရေးဝန်ကြီးဌာနက ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဒီကို ရောက်လာသေးတယ်။ သူလာပြီး ဒီမှာရှိတဲ့ လိုင်စင်မဲ့ကားတွေ ဖမ်းဖို့ ညွှန်ကြားသွားခဲ့တာတဲ့။ အပစ်ခတ်ရပ်အဖွဲ့တွေလည်း လိုင်စင်မဲ့တွေ စီးနေကြတာလေ။ တချက်ခုတ် နှစ်ချက်ပြတ် နှိမ်ကွပ်တဲ့သဘောမျိုးပဲ” ဟု ပြောသည်။

မူဆယ်မြို့၌လည်း လိုင်စင်မဲ့ကားများ ဖမ်းဆီးခဲ့ရာတွင် ကုန်ကား (၁) စီးနှင့် ကားငယ် (၂) စီးကို ဖမ်းဆီးရမိခဲ့သည်။

မူဆယ်မြို့ခံတဦးက “သောကြာနေ့က (၁ဝ၅) မိုင်မှာ ပီအီး (၁၂) ဘီးကားကြီးကို စာရွက်စာတမ်းအတုတွေနဲ့ ဖမ်းမိသွားတယ်။ ရန်ကုန်ဘက်က ကားပဲ။ လိုင်စင်မဲ့ပဲ၊ ထိုင်းနယ်စပ်ဘက်နေ ဝင်လာတဲ့ ဂျပန်ကားပေါ့။ ဒီဘက် ကုန်လာတိုက်တာ လေး-ငါး ခေါက်တောင် ရှိနေပြီတဲ့။ မနေ့ကတော့ မူဆယ် နာရီစင်နားမှာတနေရာ၊ မြို့အထွက် အေးရှားဝေါလ် တိုးဂိတ်မှာ တနေရာ ဆပ်ပလိုင်းချက်လုပ်တာ။ (၂) စီး ဖမ်းမိသွားတယ်။ အားလုံး ကားငယ်တွေပဲ” ဟု ပြောသည်။

အမျိုးသားထောက်လှမ်းရေးဌာနအား နှိမ်နင်းပြီးနောက် ၂ဝဝ၄-၂ဝဝ၅ ခုနှစ်များက မြန်မာနိုင်ငံတဝှမ်းတွင် လိုင်စင်မဲ့ကား အစီး (၃ဝ,ဝဝဝ) ကျော် ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုတဖန် ပြန်လည်ဖမ်းဆီးခြင်းဖြစ်ပြီး အခြားနေရာတွင်လည်း အလားတူဖမ်းဆီးရန် အစီစဉ်ရှိသည်ဟု ကညနဝန်ထမ်းများနှင့် နီးစပ်သည့် လားရှိုးဒေသခံတဦးက ပြောသည်။

၎င်းက “ကျန်တဲ့နေရာမှာလည်း ဖမ်းဖို့ရှိနေတယ်တဲ့။ ထောက်လှမ်းရေးပြုတ်တဲ့နောက်ပိုင်း ဖမ်းထားတဲ့ကားတွေက လေလံတင်လို့ အတော်များများ ကုန်ပြီလေ။ အခုနောက်ထပ် လေလံတင်စရာ မကျန်တော့လို့ ဖမ်းဆီးချင်တဲ့ သဘောပဲ။ လိုင်စင်မဲ့ကားတွေ ဖမ်းရင် အားလုံးဖမ်းပေါ့။ လားရှိုးမှာပဲ တိုင်းစစ်ဌာနချုပ်ကို ငွေပေးပြီး လက်မှတ်ယူ စီးနေတဲ့ ကားတွေ ဒီမှာ အများကြီး ရှိသေးတယ်။ အဲဒါမျိုးကျတော့ မဖမ်းဘူး” ဟု ပြောသည်။

လားရှိုးမြို့အပါအဝင် ရှမ်းမြောက်ဒေသအတွင်း လိုင်စင်မဲ့ကား အများအပြားရှိနေပြီး အရှေ့မြောက်တိုင်း စစ်ဌာချုပ်သို့ ငွေကျပ် (၁၅) သိန်းပေးကာ ကားစီးခွင့် လိုင်စင်လက်မှတ်လုပ်ပြီး အသုံးပြုမှုများလည်း ရှိနေသည်ဟု အဆိုပါ လားရှိုးမြို့ခံက ပြောသည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook